
Free WiFi

Fully Furnished

Private Parking

Travel Assistance

Nature Surrounded
ကလောမြို့ရဲ့နှလုံးသားကိုဖမ်းစားနိုင်တဲ့လှပခြင်းတွေကိုနွေးထွေးသက်တောင့်သက်သာရှိတဲ့အိမ်လေးမှာအနားယူခံစားပါ။
ဟေဇန်ဒေးလ်အိမ်လေးက ကလောမြို့အတွင်းက ခြံကျယ်ကြီးတွေနဲ့ ရှုခင်းလှတဲ့ VIP ရပ်ကွက်မှာရှိပြီး မြို့မစျေး၊ နာရီစင်နဲ့ ဘူတာတို့နဲ့ ၂ မိနစ်ခန့်သာဝေးပါတယ်။ စိမ်းလန်းစိုပြေပြီးတောင်ကုန်းတောင်တန်း၊ သမိုင်းဝင်အဆောက်အဦများ၊ ထင်းရှုးပင်ကြီးများဖြင့်ဝန်းရံလျှက်ရှိပြီး၊ ၊ ချစ်စရာကောင်းတဲ့ ကော်ဖီဆိုင်လေးတွေနဲ့လည်းမဝေးပါဘူး။
ချစ်စရာအိမ်လေးကမိသားစု၊ သူငယ်ချင်းမိတ်ဆွေများအတွက် ခြံကျယ်ကြီးထဲမှာ pivacy ရှိရှိ၊ သက်တောင့်သက်သာ၊ style ကျကျနေထိုင်နိုင်ပြီး၊ အခန်း၂ခန်း၊ ဧည့်ခန်း၂ခန်း၊ ရေချိုးခန်းအိမ်သာ၂ခန်း၊ မီးဖိုဆောင်နဲ့ထမင်းစားခန်းရှိပြီး၊ လိုအပ်တာမှန်သမျှဖြည့်ဆည်းထားပေးထားတာမို့ အများဆုံး ၆ဦးအထိ အေးဆေးငြိမ်သက်စွာ၊ စိတ်ချမ်းမြေ့စွာ အပန်းဖြေနေထိုင်နိုင်ပါသည်။
Why Choose Hazondale Retreats
-
ကလောမြို့ရဲ့အထင်ကရနေရာ
-
တိတ်ဆိတ်ငြိမ်သက်သောပတ်ဝန်းကျင်
-
လုံခြုံနွေးထွေးပြီးခြံကျယ်ထဲမှလှပသောအိမ်ကလေး
-
ခတ်မှီပြင်ဆင်ထားသောအိမ်အတွင်းအပြင်အဆင်
-
လိုအပ်တာမှန်သမျှဖြည့်ဆည်းထားပေးခြင်း
-
ခြံအတွင်းအပန်းဖြေရန်နေရာနှင့်မီးလှုံရန်နေရာ
-
စားသောက်ဆိုင်နှင့်နှစ်လိုဖွယ်Cafeများနှင့်မဝေးခြင်း
“နောက်တခါကလောရောက်ရင်ထပ်တည်းဖြစ်မဲ့နေရာလေးပါအရမ်းစိတ်ချမ်းသာရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ”
- Jayden A.
“အကုန်အဆင်ပြေပါတယ်။ ရောက်ရောက်ချင်းမှာတင် အမောပြေရပါတယ်ရှင့်။ သန့်ရှင်းသပ်ရပ် မှုမှာလည်း 5 stars၊ အပြင်အဆင်မှာလဲ 5 stars၊ အားလုံးကို 5 stars ပေးပါတယ်ရှင့်။ နေရာကလည်း အရမ်းမဝေးဘဲ သွားရလာရတာလဲ အရမ်းအဆင်ပြေပါတယ် ☺️☺️☺️
နောက်တခေါက် လာဖြစ်ရင်လဲ ထပ်နေဖြစ်မယ့်နေရာလေးပါ”
- Shwe Yin MW.
“ကိုယ့်အိမ်ထက်တောင်အဆင်ပြေပီးအိမ်လေးထဲ လိုအပ်တာ ထက်တောင် ပစ္စည်းတွေ ပြည့်ပြည့်စုံစုံရှိပါတယ်။ ၃ရက် တည်းခဲ့တာ အရမ်းအဆင်ပြေပါတယ်။ အိမ်ရှင်အကိုကြီးကလည်းသဘောအရမ်းကောင်းပြီး လိုအပ်တာတွေအကုန် လိုက်လုပ်ပေးပါတယ်။ နောက်တစ်ခါ ထပ်လာဖြစ်ရင်တောင် Hazondale ကိုပဲ ပြန်ရွေးပြီး တည်းဖို့ စဉ်းစားရတဲ့အထိ အဆင်ပြေခဲ့လို့ကျေးဇူးအရမ်းတင်ပါတယ်”
- KK Kyaw
"အရမ်းစိတ်ချမ်းသာရပါတယ်။တစ်ဝန်းလုံးတစ်ခြံလုံးစိတ်ကြိုက်သန့်ရှင်းသပ်ရပ်မှု၊ facilityအပြည့်အစုံ၊ အကြိုက်ဆုံးကတော့မုန့်ညှင်းရွက်ကိုချက်ချင်းခူးပြီးကြော်ခရမ်းချဥ်သီးစိမ်းလေးကိုခူးပြီးသုပ်၊ လတ်ဆတ်ပြီးချိုနေရောဘဲ။"
- တိုးပွားအောင်
Guest Reviews
Image Gallery
Please take a moment to view what Hazondale looks like:
