Kalaw Attractions
Discover a variety of nearby attractions to make your stay at Hazondale Retreats even more memorable. Whether you're interested in exploring historic landmarks, relaxing at scenic spots, or experiencing vibrant neighborhoods, there's something for everyone to enjoy.
ကလောမြို့ကိုရောက်လာပြီး ဟေဇန်ဒေးလ်မှာအနားယူအပန်းဖြေလည်ပတ်ကျမယ့် ဧည့်သယ်တော်များ အတွက် မြို့အတွင်းအပြင် နဲ့ မိမိတို့အိမ်ဝန်းကျင်မှာရှိတဲ့ လည်ပတ်စရာများ၊ စားသောက်ဆိုင်များနှင့်သက်ဆိုင်သောအချက်အလက်များကို ဤနေရာမှာ အဆက်မပြတ်ဖော်ပြသွားမည်ဖြစ်ပါသည်။
"Uncover Kalaw's Awe-Inspiring Wonders"
နမ့်အွမ် (ဗျိုက်တောင်)
ကလောမြို့ရဲ့အထင်ကရနဲ့ လည်ပတ်ဖို့လွယ်ကူတဲ့နေရာဖြစ်ပါတယ်။ ဒေသခံတွေက နမ့်အွမ်လို့ခေါ်ပေမယ့် ဧည့်သယ်တွေကြား ဗျိုက်တောင်လို့နာမည်တွင်ပါတယ်။ အောင်ပန်း-ပင်လောင်းလမ်းပေါ်မှာရှိပြီး နဲနဲဆက်သွားလိုက်တာနဲ့ Fairyland နဲ့ မြင်းမထိဂူကို ဆက်ပြိးလည်ပတ်နိုင်ပါတယ်။
တနေရာထဲမှာတင် ဓါတ်ဖမ်းလို့လှတဲ့ရှိနေတဲ့ အပြင် ုဒေသခံတွေဖွင့်ထားတဲ့ အကင်ဆိုင်၊ အပူအအေး နဲ့မုန့်တွေအပြင် နာမည်ကြီး Jack Mobile Coffe လည်းရှိပါတယ်။
လမ်းရဲ့အရှေ့ဖက်မှာတော့ သဲကျင်း၊ ဗျိုက်တောင်နဲ့စိုက်ခင်းတွေရှိနေပြီး၊ အနောက်ဖက်ခြမ်းမှာတော့ တောင်နှစ်လုံးကြား ရထားလမ်းရယ်၊ ရှုခင်းလှတဲ့ တောင်ကုန်းလေးနဲ့ ရေလှောင်ကန်အသေးလေးတခုရှိပါတယ်။
တောင်မင်းကြီးခုံပြာ
တောင်ပေါ်မြို့လေးဖြစ်တဲ့ ကလော ပတ်ဝန်းကျင်မှာ တအန်းပလောင်၊ တောင်ရိုး၊ ကရင်မျိုးနွယ်စုတွေ၊ ပအိုဝ်း၊ ဓနု၊ ဂေါ်ရခါးနဲံ အခြားရှမ်းအနွယ်အချို့တို့ နေထိုင်ကြပါတယ်။ အများစုက တောင်ယာစိုက်ပျိုး အသက်မွေးကြပြီး မိမိတို့ခြံထွက်/သဘာဝတောထွက်၊ ရာသီပေါ်သီးနှံတွေကို ခက်ခက်ခဲခဲသယ်ဆောင်လာပြီး လာရောက်ရောင်းချကြပါတယ်။ အပြန်မှာတော့ မြို့မှာဘဲရနိုင်မယ့်အိမ်သုံး၊ စိုက်ပျိုးရေးသုံးပစ္စည်းတွေကိုဝယ်ပြီးပြန်ကြရပါတယ်။
ကလောစျေးနေ့က စီးပွါးရေးအတွက်သာမဟုတ်ဘဲ လူမှုဆက်ဆံရေး၊ ကျန်းမာရေး၊ ပညာရေးမှသည် အစိုးရဝန်ဆာင်မှုများအထိနက်နက်နဲနဲဆက်နွယ်နေပါတယ်။ ဧည့်သယ်များအတွက်ကတော့ ဒေသထွက်ကုန်တွေကို အတန်ဆုံး၊ အလတ်ဆတ်ဆုံး ဝယ်ယူဖို့၊ မြည်းစမ်းကြည့်ဖို့ နဲ့ အသက်ဝင်လှုပ်ရှားနေတဲ့ တိုင်းရင်းသားတို့ရဲ့ ယဉ်ကျေးမှုနဲ့ အရောင်အသွေးစုံတဲ့ ဒေသထွက်ကုန်တွေကို လေ့လာဖို့ မဖြစ်မနေသွားသင့်တဲ့ major attraction ပါ။
ဝါတွင်းမှာဆိုရင်တော့ လပြည့်လကွယ်နေ့တွေမှာ စျေးနေ့ကျဖို့ရှိရင်၊ သတ်မှတ်ထားတဲ့ရှေ့တရက်ကို စျေးကြိုခင်းပါတယ်။ နောက်တစျေးကတော့ရက်မပြောင်းဘဲ ရှိနေမှာဆိုတော့ ၆ရက်မြောက်မှဖြစ်ပါလိမ့်မယ်။
ကလောမြို့မစျေးကြီးကတော့လပြည့်နဲ့အစိုးရရုံးပိတ်ရက်ကလွဲပြီး နေ့တိုင်းဖွင့်ပါတယ်။
ကလောမြို့ကို အပေါ်ဆီး (Birdeye View) နဲ့ မြင်ရတဲ့ အများသွားနိုင်တဲ့ အဓိက ၂ နေရာမှာ တောင်မင်းကြီးခုံပြာက နံပတ် ၁ နေရာယူထားနိုင်ပါတယ်။ တောင်မင်းကြီးတောင်ရဲ့ထိပ်မှာရှိနေပြီး နေ့တနေ့ရဲ့ဘယ်အချိန်မဆိုလှနေတယ်ဆိုပေမယ့် ညနေ နေဝင်ချိန်နဲ့ မနက်တိမ်ပင်လယ်ဖြစ်ချိန်ကအကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။
ဓါတ်ပုံရိုက်ဖို့ နေရာလှလှလေးတွေပြင်ထားပေးတဲ့အပြင် ရာသီအလိုက်ပန်းခင်းတွေလည်းရှိပါတယ်။ အစားအသောက်လဲဝယ်ယူနိုင်သလို ညဖက် camping လုပ်မယ်ဆိုရင်လဲ စီစဉ်ပေးပါတယ်။
၃၆၀ဒီဂရီနီးပါးမြင်ကွင်းတွေက စိတ်နှလုံးအေးချမ်းစေသလို တောရိပ်တောင်ရိပ်နဲ့ စိုက်ခင်းတွေရှိတဲ့ဘက်ကိုလည်း ခရီးတိုလမ်းလျှောက်နိုင်ပါသေးတယ်။
တောင်တက်တဲ့ကားလမ်းကတော့ မတ်စောက်ကျဉ်းမြောင်းလို့ အတက်အဆင်းကို တစီးစီဘဲသွားလို့ရပါသေးတယ်။
ကလော ငါးရက်တစျေးနေ့
အိုးစည်တောင်
ကလောမြို့မှာ တိမ်ပင်လယ်ကြည့်ဖို့၊ မနက်နေထွက်ချိန်နဲ့ ပုံလှလှလေးတွေရိုက်ဖို့ အကောင်းဆုံးနေရာ တခုထဲအပါအဝင်ဖြစ်ပါတယ်။ ကလောမြို့ထဲကနေဆိုရင် မနက် ၅း၀၀ နာရီလောက်ထွက်သင့်ပါတယ်။ အောက်တိုဘာလကနေ ဖေဖော်ဝါရီလောက်အထိ မြင်ကွင်းကျယ် တိမ်ပင်လယ်ရှုခင်းတွေကို ခံစားနိုင်ပါတယ်။
နေရာကောင်းဖြစ်လို့ ခရီးသွားဧည့်သယ်တွေအမြဲဆိုသလို ပြည့်တတ်ပေမယ့် ကြည့်ရှုစရာ၊ ဓါတ်ဖမ်းဖို့နေရာ အတော်များများရှိနေသလို၊ လိုအပ်ရင် တောင်ထိပ်က ဘုရားရင်ပြင်အထိ တက်ပြီး ၃၆၀ဒီဂရီရှုခင်းတွေကိုလည်း ခံစားနိုင်ပါသေးတယ်။
ရှမ်းအိုးစည်တောင်က ကလောမှအောင်ဘန်းဘက်အထွက် ကလောဆိုင်းဘုတ်ကနေ မြင်းကရွာနဲ့ Kalaw Villa ဘက်ကိုဝင်သွားရင် တောင်ပေါ်တက်တဲ့လမ်းကိုတွေ့ရမှာပါ။ ကား၊ ဆိုင်ကယ် အားလုံးအသုံးပြုနိုင်ပါတယ်။
Golden Gate Bridge
Marvel at the architectural masterpiece of the Golden Gate Bridge, an iconic symbol of San Francisco. Capture breathtaking views, take a scenic walk, or simply admire the awe-inspiring structure from afar.
Chinatown
Immerse yourself in the vibrant energy of Chinatown, where you can savor delectable cuisine, browse unique shops, and witness the rich cultural traditions that make this neighborhood a must-visit destination.