Home Stay လို့အလွယ်ခေါ်တဲ့ အိမ်/ခြံတခုလုံးရက်တိုငှါးရမ်းနေထိုင်ခြင်းက ခရီးသွားလောကမှာသိပ်မကြာခင်ကဖွံ့ဖြိုးလာခဲ့ပါတယ်။ Hotel/Motel/Inn/Guesthouse တွေနဲ့မတူတဲ့ အတွေ့အကြုံသစ်တွေနဲ့ တချို့သောခရီးသွားများကိုဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ သို့ပေမယ့် ပုံမှန်ခရီးသွားများအတွက် ကွဲပြားတဲ့ ဆောင်ရန်/ရှောင်ရန်တွေရှိနေလို့ အိမ်ငှါးရမ်းခြင်းမပြုမှီ သိသင့်တဲ့ စည်းကမ်းချက်လေးတွေကို အခုလိုဖော်ပြလိုက်ရပါတယ်။ Hazondale မိသားစုကဧည့်သည်များအားလုံးကို ပျော်ရွှင်စိတ်ချမ်းမြေ့ဖို့ အမြဲကြို့စားပေးနေပါတယ်နော်။
ဒီစာမျက်နှာမှာ ရေးထားတာတွေကို ကြိုးစား ဖတ်ရှုနားလည်ပြီး လက်ခံပေးဖို့မေတ္တာရပ်ခံလိုပါတယ်။ မရှင်းတာရှိရင်လဲ အားမနားဘဲ မေးမြန်းနိုင်ပါတယ်နော်။
House Rules (အိမ်စည်းကမ်းများ)
It is important to read everything written here and convince yourself before making a booking with us.
ဤစာမျက်နှာ၌ ရေးသားသမျှအား ဖတ်ရှုနားလည်ပြီး လက်ခံနိုင်မှသာ လာရောက်နေထိုင်ရန်အတွက် ကြိုတင်မှာယူရန် အရေးကြီးပါသည်။
Check-in time: 2:00pm
Checkout time: 11:00am
စာရင်းသွင်း/ရောက်ရှိရန်အချိန် - နေ့လည် ၂ နာရီမှစတင်ပါသည်
ငွေရှင်းပြီး/ထွက်ခွါရန်အချိန် - မနက် ၁၁နာရီနောက်ဆုံးထား၍ထွက်ခွါရန်
Check-in Procedure:
1. Please inform your estimated arrival time
2. Take time for a short House Tour
3. Please provide the names/NIC data of the remaining guests
4. Leave at least one NIC or Driver’s license with the House Manager
စားရင်းသွင်း/ရောက်ရှိရန်လုပ်ဆောင်ပုံအဆင့်ဆင့် -
၁။ ကျေးဇူးပြု၍ သင့်၏ခန့်မှန်းရောက်ရှိချိန်ကို ကြိုတင်အကြောင်းကြားပေးရန်။
၂။ အိမ်/ခြံအတွင်းအပြင်ရှင်းပြချက်များအတွက် ခေတ္တအချိန်ပေးပါ။
၃။ ဧည့်သည်တစ်ယောက်ချင်းစီ၏ ကိုယ်ရေးအချက်အလက်များအားတောင်းယူခွင့်ပြုရန်။
၄။ ဧည့်သည်တစ်ယောက်ထံမှ မှတ်ပုံတင်/ကားလိုင်စင် တခုအား အိမ်မန်နေဂျာထံသို့ အပ်နှံပေးပါရန်။
Checkout Procedure:
1. Important to inform your departure time minimum of 30 minutes before your departure time.
2. Allow us to inspect the damages and losses.
3. We will return your NIC or Driver’s license when everything is cleared.
4. Only then, you can depart the house.
ငှါးရမ်းထားသောအိမ်ထွက်ခွါပုံ အဆင့်ဆင့် -
၁။ မိမိငှါးရမ်းထားသောနေအိမ်မှ မထွက်ခွါခင် အိမ်၏တာဝန်ရှိသူအား အနည်းဆုံး နာရီဝက်ကြိုတင် ဖုန်းဆက်အကြောင်းကြားထားရန် အရေးကြီးပါသည်။
၂။ အိမ်တာဝန်ရှိသူမှ အိမ်၏ ထိခိုက်/ကွဲရှ/စွန်းထင်း များအား စစ်ဆေးမှုအား သည်းခံစောင်းဆိုင်းပေးပါရန်။
၃။ အားလုံးရှင်းလင်းပြီး ပြဿနာမရှိလျှင် အိမ်တာဝန်ရှိသူမှ အပ်ထားသော မှတ်ပုံတင်/ကားလိုင်စင်အား ပြန်လည်အပ်နှံပေးပါမည်။
၄။ ထို့နောက်မှ အိမ်မှထွက်ခွါနိုင်ပြီးဖြစ်ပါသည်။
Your Responsibilities at Hazondale Retreats
Hazondale Retreats is strictly a self-catering holiday home. Therefore, you are responsible for everything from your security to cleaning, housekeeping, and careful use of the provided materials, to the cooking of your own meals. It is like staying at your home enjoyably but with care use of your own resources. We want every one of our guests happy at our home. Since we will have to re-stock and repair the damages caused during your stay, we will have to charge any cost incurred.
Additional rules:
1. Smoking inside the house is strictly prohibited. Penalty fees will be applied for lingering smell.
2. Guests are not allowed to take out the chairs and tables from the house to the outdoor areas.
3. It is important not to disturb the vicinities of the house by singing or turning of the volume of the speakers loudly.
4. Always be cautious with the use of gas stove and outdoor fireplace.
5. Secure the house by closing windows, main door, and the main gate before going out.
6. Clean up everything – washing dishes and glasses, clean the floors, put everything in place before checking out. This is part of what holiday home rental culture!
We assume that you have read and understand and agree to follow the rules before making booking to this property.
ဧည့်သည်များ၏ တာဝန်ရှိခြင်းနှင့်လိုက်နာသင့်သည်များ
ကျွန်ုပ်တို့၏ ဟေဇန်ဒေးလ် အပန်းဖြေခရီးအိမ်ငှါးဝန်ဆောင်မှုသည် ခရီးသွားစဉ်အတွင်း မိမိတို့အိမ်ကဲ့သို့ သီးသန့်နေထိုင်ပြီး စိတ်ကြိုက် စီမံခန့်ခွဲနေထိုင်ရသော ခေတ်ရှေ့ပြေးခရီးသွားပုံစံဖြစ်ပါသည်။ သို့ပါ၍ မိတ်ဆွေဧည့်သည်များ၏ လုံခြုံရေးမှအစပြု၍ ချက်ပြုတ်စားသောက်ရေး၊ နေ့စဉ်သန့်ရှင်းရေး၊ အိပ်ယာပြင်ဆင်ခြင်းမှသည် အိမ်အတွင်/အပြင်၌ ပေးအပ်ထားသော အသုံးပြုရန်ပစ္စည်းများအား သတိပြုသုံးစွဲခြင်း အထိ မိမိတို့၏တာဝန်သာဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် လာရောက်အပန်းဖြေကြသော မိတ်ဆွေတဦးချင်းစီတိုင်း ချမ်းမြေ့ပျော်ရွှင်စေလိုပါသည်။ အပ်နှင်းထားသော ပစ္စည်းများအား နဂိုလ်မူလမှ စွန်းထင်း/ကျိုးပဲ့ ပျက်စီးဆုံးရှုံး ခြင်းများအား ပြန်လည်ဖြည့်တင်းရန်အတွက် ကျသင့်ငွေအား တောင်းဆိုမည်ဖြစ်ကြောင်း လေးစားစွာအသိပေးလိုပါသည်။
အခြားလိုက်နာရန်များ -
၁။ အိမ်၏အတွင်းမည်သည့်နေရာမှ ဆေးလိပ်သောက်သုံးခြင်းမပြုရန်တင်းကျပ်စွာတားမြစ်ပါသည်။ အိမ်အတွင်း၌ဆေးလိပ်နံ့များစွဲကျန်နေလျှင် အခြားရောက်ရှိလာမည့်ဧည့်သည်များအတွက် ကြီးမားစွာ အနှောက်အယှက်ဖြစ်စေသာကြောင့် တရက်စာငှါးရမ်းခ အားတောင်းခံမည်ကို အသိပေးပါသည်။
၂။ အိမ်အတွင်းရ၌ အသုံးပြုသည့် စားပွဲခုံများအား အိမ်၏အပြင်ဘက်သို့ ယူဆောင်အသုံးပြုခွင့်မရှိပါ။
၃။ အိမ်၏ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်စေသည့် ကျယ်လောင်စွာ အော်ဟစ်ခြင်း၊ သီချင်းဖွင်းခြင်းမပြုလုပ်ပါရန်။
၄။ အိမ်အတွင်း ဂတ်စ်မီးဖိုးအသုံးပြုချိန်နှင့် အပြင်ဖက် မီးပုံပွဲပြုလုပ်ချိန်၌ မီးအန္တရယ်အထူးသတိပြုပါ။