top of page
Search

ကလောမြို့မြောက်ဘက်ကတောင်တန်းတွေဆီသို့

  • Writer: hazondale
    hazondale
  • Aug 14, 2024
  • 1 min read

Updated: Aug 15, 2024

ree

ဒီတခါတော့ ကလောမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ တောင်တန်းတွေဆီကို ခဏအလည်လိုက်ခဲ့ပါနော်...


ကလောမြို့ကိုရောက်လာခဲ့ရင် ဘယ်မှဝေးဝေးသွားစရာမလိုဘဲ အနီးအနားမှာ နာရီပိုင်းလေးအချိန်ပေးလိုက်တာနဲ့ လှပတဲ့ရှုခင်းတွေနဲ့ ထင်းရှုးနံ့သင်းသင်လေးနဲ့ ရှင်းသန့်တဲ့လေထု၊ စိတ်ကြည်နှုးမှုပေးနိုင်တဲ့ သဘာဝတရားကိုခံစားနိုင်ပါတယ်။


ဒီမြောက်ဖက်အခြမ်းမှာတော့ နာမည်ကျော် သိမ်တောင်ကျောင်း၊ City View။ တောင်မင်းကြီးခုံပြာနဲ့ မနောလှတောင်ဘုရား နဲ့ အဖေ့ခြံ ကော်ဖီဆိုင် / ပန်းစိုက်ပျိုးရေးတို့ ရှိနေပါတယ်။ ဒေသခံတွေအတွက်တော့ မနက်သို့ ညနေပိုင်း လမ်းလျှောက်ကြတဲ့ ထင်းရှုးတန်းလမ်းလေးပေါ့။ ကလောမြို့ကို ထင်းရှုးပင်တန်း လမ်းကျဉ်းလေးကနေ ပြပြလေး မြင်နေရတာလည်း ခံစားမှုတမျိုးပါဘဲ။ ညနေပိုင်းဆိုရင်တော့ sunset လေးကြည့်ရင်း ပြန်ဆင်းရတဲ့အရသာကတော့ မမေ့နိုင်စရာပါဘဲ။ တောင်မင်းကြီး viewpoint ဆိုရင် sunset ရော sunrise ပါလှတယ်။ သွားရတာကားကြီးဆိုရင်နဲနဲခက်ပေမယ့် သွားရကျိုးနပ်မယ့်နေရာပါ။


တနေရာကဆိုရင် ဟိုးအဝေးက ပလောင်လူမျိုးတို့ရဲ့ရွာကြီးဖြစ်တဲ့ ပိန္ဒဲပင်ရွာကိုလှမ်းမြင်နေရပြီး၊ တချို့နေရာတွေဆိုရင် နာမည်ကျော် Kashmier ကတောင်ကြားမြင်ကွင်းတွေလိုပါဘဲ။

ဒီတောင်တန်းတွေက အမြင့်ပေ ၅၀၀၀ ကျော်အထိမြင့်တာကြောင့် ပတ်ခြာလည် မြင်ကွင်းတော်တော်များများကို မြင်ရပါတယ်။ ရေယားဘက်ကပြည်ထောင်စုလမ်းမကြီး၊ မနောလှတောင်ဘုရား၊ အိုးစည်တောင်ဘုရား၊ စခန်းသာဘက်ကမြင်ကွင်းတွေကနေ မှိုင်းလုံးတောင် microwave နဲ့ ဟိုးဝေးဝေးက နန့်သလဲတဲအထိဆိုပါတော့။


အားလုံးဘဲ ကျန်းမာပျော်ရွှင်လုံခြုံရတဲ့ နေ့ရက်တွေပိုင်ဆိုင်ရပါစေလို့...


ချစ်ခြင်းအားဖြင့်။

Hazondale Retreats



 
 
 

Comments


bottom of page