top of page
Search

လှေကားထစ်စိုက်ခင်းတွေနဲ့သိပ်လှတဲ့ ကလောရဲ့တောင်ပိုင်း

  • Writer: hazondale
    hazondale
  • Aug 15, 2024
  • 1 min read


ကလောဆိုတာက မြင့်မားမတ်စောက်ပြီး တိမ်တွေအထက်က ထင်းရှုးပင်တွေအုပ်မိုးထားတဲ့ တောင်တန်းတွေနဲ့ ညှိ့မှိုင်းနေတဲ့ သစ်တောအုပ်ကြီးတွေဘဲရှိတဲ့နေရာမဟုတ်ပါဘူး။ အချို့သောနေရာလေးတွေက ထင်မထားလှအောင် သွားရေးလာရေးလွယ်ကူပြီး ရင်သပ်ရှုမောရတဲ့ ရှုခင်းတွေသာမက ဒေသရဲ့ လူမှုစီးပွါးတစိတ်တပိုင်းကိုပါ လေ့လာနိုင်ခွင့်ရှိပါတယ်။


ဒီတခါတော့ ကလောမြို့ ရပ်ကွက် ၁၁၊ နန့်သဲ၊ မြင်စိုင်းကုန်းနဲ့ မြင်းဒိုက် ဘက်မှာရှိတဲ့ ရှုခင်းတချို့ကိုဖော်ပြလိုက်ပါတယ်။


မြင်မြင်သမျှကိစိမ်းလန်းနေပြီး တကယ်ဘဲ စိတ်ကိုအပန်းပြေစေသလို၊ ဒေသခံတွေရဲ့အပြုံးတွေကလည်း စိတ်နှလုံးအေးချမ်းစေပါတယ်။


အခုအချိန်က စိုက်ပျိုးရေးကို မိုးဉီးနဲ့အတူ ကြိုးစားလုပ်ကိုင်နေကြချိန်ဖြစ်ပါတယ်။ အလုပ်ကြိုးစားပြီး ရိုးသားဖြူစင်ကြတဲ့ တိုင်းရင်းသားတို့ကို ကျေးဇူးတင်ပါတယ်။


အချိန် နာရီပိုင်းလေးဘဲပေးပြီး ကား/ဆိုင်ကယ်လေးနဲ့ (ဒီထက်အချိန်ပေးနိုင်ရင် စက်ဘီးနဲ့လဲအဆင်ပြေ) သွားလည်ပတ်ကြည့်လိုက်ဖို့ အကြံကောင်းလေးပေးပါရေစေ။


ချစ်ခြင်းအားဖြင့်။


Hazondale Retreats




 
 
 

Comments


bottom of page